ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ၏ Master PoA မူကြမ်းအပေါ် Online Technical ဖြင့် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကျင်းပပြီးစီး

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ တွင် ကဏ္ဍအလိုက် ပို့ကုန်မဟာဗျူဟာ (Sectoral Strategy Documents) များအပြင် Main Document  ကိုပါ ထည့်သွင်းနိုင်ရန်အတွက် Master PoA မူကြမ်းကို ရေးဆွဲထားရှိပြီးဖြစ်ပါ၍ ယခုအခါ အဆိုပါ မူကြမ်းကို အပြီးသတ်ပြုစုနိုင်ရန်နှင့် ဦးဆောင် အကောင်အထည်ဖော်မည့် Lead Implementing Partner များကို သတ်မှတ်နိုင်ရန်အတွက် Online Technical ဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ ဒုတိယဥက္ကဌ၊ ဦးမျိုးသန့်တို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမျိုးသူ၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များမှ တာဝန် ရှိသူများအားလုံး (၃၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

NES Unit